ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံ

ဒေးဒရဲ ဇန်နဝါရီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဒေးဒရဲမြို့နယ်အမှတ်()ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌဦးသန့်ဇင်လတ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမြသိန်းမောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့်သူများ  တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အား နည်းလမ်းတကျ ကိုင်တွယ်အသုံးပြုနည်းများ၊ လွှတ်တော်အလိုက် မဲပေးစက်များဖြင့် အချိန်မီ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊  ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှု မရှိစေပဲ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးသူများ မဲရုံပရဝုဏ်အတွင်း အေးချမ်းစွာမဲပေးနိုင်ရေး သိရှိလိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် အဖွဲ့သည် လေးအိမ်ကုန်းကျေးရွာအုပ်စု ..ကကျောင်း မဲရုံသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)