ဘိုကလေး ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နေ့လယ်(၁)နာရီ အချိန်က မိသားစုအပိုဝင်ငွေတိုးပွားရေးကို ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်ပို့ချသည်။
သင်တန်းတွင် နည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းဝင်းက ဆပ်ပြာဆီကုန်ကြမ်းအား ဘက်စုံသုံးဆပ်ပြာဆီအဖြစ် ပြုလုပ်ပုံ နည်းအဆင့်ဆင့်အား လက်တွေ့ဖော်စပ်ပြသခဲ့ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ အိမ်ရှင်မများ တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)