ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပုံပါကျင် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက် ကျင်းပရာ(Book Club)ဥက္ကဋ္ဌ ဦးထွန်းလင်းက “သမ္မာအာဇီဝအလုပ်ဟူသမျှဂုဏ်ရှိစွ” ဦးစွာဖတ်ကြား‌ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင်များက “တန်ဖိုးသတ်မှတ်နိုင်ပါစေ” “လူမှုဆက်ဆံရေးအဆင်ပြေစေဖို့” စသည့်‌ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိအိဖြိုး (ပြန်/ဆက်)