မြို့သစ် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လေးတိုင်စင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် သုတ/ရသစာစာအုပ်၊ စာစောင် (၂၀၀) အုပ်ကို သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)