နောင်ချို ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူလတန်းအထက်ဆင့် ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲအား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသင်း၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု တွေးခေါ်မှု အားကောင်းလာစေရန်နှင့် စူးစမ်းလေ့လာမှု အားကောင်းစေရန်အတွက် ရည်ရွယ်၍ ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲသို့ မူလတန်းအထက်ဆင့် ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၁၅) ဦး စုစုပေါင်း (၂၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)