ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒလမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်မူလတန်းကြို ကျောင်းနှင့်သားဖွားခန်း ကွင်းဆင်းကြည့်ရှု

ဒလ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တွံတေးခရိုင်၊ ဒလမြို့နယ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းနှင့် သားဖွားခန်းသို့ ယ‌မန်နေ့လယ် (၁၂) အချိန်က ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ၊ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ ဒလမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် အဖွဲ့ဝင်များမှ ဒလမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင်မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ် (၃၀) ဦးတို့အား ပဲနို့နှင့် ပေါင်မုန့်အာဟာရများ ကျွေးမွေးခဲ့သည်။ ဆက်လက်၍ ဒလမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် (၇) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁၅၀၀ဝိ/)၊ ငှက်ပျော်သီး (၁) ဖီး၊ ကြက်ဥ (၁၀) လုံးစီ ပေးအပ်ခဲ့သည်။

ထို့နောက် ဓနုတ်စံပြကျေးရွာရှိ၊ သမိုင်းဝင်ကျိုက်ဓနုတ် စေတီတော်သို့ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး နှင့်အဖွဲ့မှ သွားရောက်ဖူးမျှော်၍ စေတီတော်ဘတ်စုံပြုပြင်မွန်းမံရန်အတွက် အလှူငွေကျပ် (၃၀၀,၀၀ဝိ/-) လှူဒါန်းခဲ့ပြီး စေတီတော်လက်ယျာရစ်တစ်ပတ် (၂၄) ပစ္စည်းပဌာန်းအကျဉ်း ရွတ်ဆိုပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)