‌ရွှေကူမြို့နယ်၌ မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ရွှေကူ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အနေဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲပေးမည့်နေ့ရက်တွင် တာဝန်ကျဝန်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ဇန်ဝါရီ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်မဲပေးခြင်းကို ရွေးကောက်ပွဲကျင်းပမည့်နေရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေး‌ဆောင်ရွက်မည့်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ နိုင်ငံ့တာဝန်ဖြင့် ခရီးထွက်ခွာမည့်သူများ၊ သက်ကြီးရွယ်အိုများ၊ ဆေးဝါးကုသမှုခံယူနေသူများ၊ အချုပ်ကျခံနေသူများက သက်ဆိုင်ရာရပ်ကွက်အသီးသီးရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများရှိ သတ်မှတ်နေရာများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိ သူများက စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)