ဆိပ်ဖြူ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် သုံးလစာ (၆၀၀၀၀) ကျပ်ဖြင့် (၃၀၅၉) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၈၃၅၄၀၀၀၀) ကျပ်အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)