ခရမ်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ အသုံးပြုမည့် (MEVM) မဲပေးစက်များ စတင်ထုတ်ပေး

ခရမ်း ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် အသုံးပြုရန်အတွက် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၉ နာရီက စတင်ပြီးတာဝန်ရှိသူများက ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်ရဲနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ ကြီးကြပ်မှုဖြင့် မြို့ပေါ် ၁၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၃ အုပ်စုရှိ မဲရုံ ၁၀၄ ရုံအတွက် မဲပေးစက်၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြစက်များနှင့် မဲရုံသုံးပစ္စည်းများကို စတင်ထုတ်ပေးနေခြင်းဖြစ်သည်။

အဆိုပါမဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများအား စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)