မိုင်းခတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်) နီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်နှင့်စာရိတ္တပိုင်းဆိုင်ရာ သိကောင်းစရာများအကြောင်း ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်နန်းနွယ်နီအောင်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဌေးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးအကြောင်းတို့ကို အသိပညာပေးဟောပြောကာဟောပြောပွဲတွင် မေးခွန်းများဖြေဆိုနိုင်သည့် ကျောင်းသူတစ်ဦးကို ဂုဏ်ပြုငွေပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားအထောက်အကူပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)