သုံးခွ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး သံလျင်ခရိုင် သုံးခွမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၁၂၅၃) ဦးရှိပြီး အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဥ် ၂၁ ရက်နေ့မှစတင်၍ လကုန်အထိ ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးရာတွင် ယနေ့ ၅၀၀ ကျော်အားထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော အငြိမ်းစားဝန်ထမ်းများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
စည်သူလင်း (ပြန်/ဆက်)