နတ်မောက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူအောက်ဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ဝင် ဆရာတစ်ဦးကပြိုင်ပွဲ၏ အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံပညာမူလတန်းကျောင်း (စျေးရပ်)တို့မှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ကျောင်းသား/သူ စုစုပေါင်း(၆)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူ များအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း