သုံးခွ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် အသုံပြုရန်အတွက် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၇ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ထွေးအိငယ်ငယ်အောင်တို့၏ ကြီးကြပ်မှုဖြင့် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၄ အုပ်စုရှိ မဲရုံ ၁၃၄ ရုံအတွက် မဲပေးစက်၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြစက်များနှင့် မဲရုံသုံးပစ္စည်းများကို စတင်ထုတ်ပေးနေခြင်းဖြစ်သည်။
အဆိုပါမဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများမှ စနစ်တကျထုတ်ယူသွားကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)