ငရုတ်ကောင်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ် မဲပေးစက်များ Installation ပြုလုပ်ခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုတို့တွင် မဲရုံစုစုပေါင်း (၃၅) ရုံရှိရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသား မဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် MEVM မဲပေးစက် များအသုံးပြုသွားမည်ဖြစ်ရာ မဲပေးစက်ဆိုင်ရာကျွမ်းကျင်မှုအဖွဲ့များ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များကဦးဆောင်၍ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ စက်ကိုင်ဝန်ထမ်းများက Installation လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ MEVM မဲပေးစက်များ Installation လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)