ကွမ်းခြံကုန်းမြို့နယ်၌ မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့၊ လက်ခုပ်ကုန်းကျေးရွာ၊ ကိုးဆူးဘုရာကြီးတန်းဆောင်၌ မီးခိုးမြူငွေ့ဆိုင်ရာအသိပညာပေးဟောပြောပွဲ ယမန့်နေက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက Hotspots လျော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြိုနယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက မီးဘေးအန္တရာယ်အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ချမ်းမြေ့ကျော်ဦးက တောမီးလောင်မှုနှင့် မီးခိုးမြူငွေ့အကြောင်းအရာများ ဟောပြောပြီး မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကြည်စိန်ကလယ်ယာကဏ္ဍဆိုင်ရာ ဆောင်းရာသီရိုးပြကောက်ရိုးအမှိုက်မီးရှိ့ခြင်း စသည့်အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ လက်ခုပ်ကုန်းကျေးရွာ၊ ဝက်ကိုက်ကျေးရွာ၊ ကံလျှားရှည်ကျေးရွာ၊ ကြခတ်ကုန်းကြီး၊ ကရင်ချောင်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)