စလင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

စလင်း ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ဇယ်တွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး၊ အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် စလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မရောက်သေးသည့် ကလေးငယ်များအား အလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများ သတိထားရမည့်ချက်များ ငယ်ရွယ်စဉ်ဘဝ၌ ပညာရေးကိုဦးစားပေးသင်ယူသင့်ကြောင်း မိဘနှင့်သားသမီးကြားပြောဆိုဆက်ဆံရာ၌ ပွင့်လင်းမြင်သာမှုရှိရမည့်အချက်များ ကလေးအလုပ်သမား၏အဓိပ္ပာယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် ကလေးအလုပ်သမားအသက်အရွယ် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ  စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေး နွေးဟောပြောခဲ့ပြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း နံရံကပ်စာစောင်နှင့် သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ၊ စိတ်ဝင်တစား ကျောင်းသား/ကျောင်းသူ ကလေးငယ်များမှ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မောင်လွင်(စလင်း)