ရန်ကင်းမြို့နယ်၌ နယ်လှည့်တီဘီရောဂါရှာဖွေကုသပေးခြင်း ဆောင်ရွက်

ရန်ကင်း ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များ၊ ပြည်သူများအား ကျန်းမာရေးကောင်းမွန်စေရန် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက်ပိုင်းက အမှတ် ၁၆ ရပ်ကွက် ဘောက်ထော်ဒေသန္တရဆေးခန်းတွင် စစ်ဆေးကုသပေးခဲ့သည်။

ယင်းသို့ တီဘီရောဂါရှာဖွေကုသရာသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန (ရန်ကုန်) မှ ဆရာဝန်ကြီးများနှင့် ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ သက်ကြီးပုဂ္ဂိုလိများအား တီဘီရောဂါရှိမရှိ ဓာတ်မှန်ရိုက်စစ်ဆေးပေးခြင်း သွေးတိုးဆီးချိုရောဂါများ စစ်ဆေးပေးခြင်း ကျန်းမာရေးပညာပေးခြင်း ၁၀ မိနစ်စာထိုင်ခုံလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးသူပေါင်း ၁၄၅ ဦး*ဓာတ်မှန်ရိုက်ကူးသူပေါင်း ၁၄၄ ဦး Follow up. ၁ ဦး Active Koch`Lung. ၃ ဦး တီဘီသံသယလူနာ ၅ ဦး Gene Xpert စစ်ဆေးသူ ၈ ဦး ဆီးချိုသွေးတိုးစစ်ဆေးသူ ၁၄၅ ဦး ဆီးချိုသွေးတိုးရှိသူပေါင်း ၂၇ ဦးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)