ရွှေကူ ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသိပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြသည်။
“ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍အခြားနည်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံကိုသွားကြပါစို့။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့။” စသည့် စာတမ်းများပါသည့် လက်ကမ်းစာစောင်များကို ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပူးပေါင်း၍ဖြန့်ဝေခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)