ကော့မှူးမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ကော့မှူး ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/ မရှိကို ယနေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့က ကော့မှူးမြို့နယ်အတွင်းရှိ ဇရပ်ကုန်းကျေးရွာ ပိန္နဲကုန်း‌ကျေးရွာ၊ အဖျောက်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ မကျီးကန်ကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များအား ပြည်သူများကို စာအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရေး၊ ဈေးကစားလိုသည်ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန် စားအုန်းဆီများအား သိုလှောင်ခြင်း မပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ