ညောင်တုန်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နို့ပေါင်းစက်အခြေပြု အခြေခံပညာကျောင်းများ နို့တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စက္ကော့တောင်အခြေခံပညာအထက်တန်းကျောင်း၊ ကဇန်းအခြေခံပညာ အလယ်တန်းကျေင်းနှင့် ဘဝသစ်အခြေခံပညာအလယ်တန်းကျောင်းခွဲတို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၀၈)ဦးအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက နွားနို့တိုက်ကျွေးရခြင်းရည်ရွယ်ချက်နှင့် နွားနို့သောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကိုဟောပြောခဲ့ပြီး နို့ပေါင်းစက်အခြေပြု အခြေခံပညာကျောင်းများ နို့တိုက်ကျွေးခြင်းအစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)