ရန်ကုန် ဇန်နဝါရီ ၂၂
သန်လျင်ခရိုင် သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ဘုံပျံဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာနှင့် စားသောက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါပညာရေးကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ALibaba Amusement Co.Ltd မှ ALibaba Amusement နှင့် Customer များက ဘုံပျံကျောင်းမှ သံဃာတော်များ၊ သာမဏေများ၊ သီလရှင်များအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော်အား ထမင်းနှင့် အာဟာရကျွေးမွေးခြင်း၊ စာရေးကိရိယာများ၊ မုန့်များ၊ ကစားစရာအရုပ်များ ပေးဝေခြင်း၊ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ