ရန်ကုန် ဇန်နဝါရီ ၂၂
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည််။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့် ပြည်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်း ပြောကြားပြီ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ကြသည်။
အဆိုပါမှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ