ညောင်တုန်းမြို့နယ်တွင် ပင်စင်‌စားဝန်ထမ်းများအတွက် ကျန်းမာရေးစစ်‌ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

ညောင်တုန်း ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများအတွက် ကျန်းမာရေးစစ်‌ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ (ညောင်တုန်း) ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးစစ်‌ဆေးပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ‌ ပေးနေမှုများအား ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)