ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရွေးကောက်ပွဲ အပိုင်း ( ၃) အောင်မြင်စွာကျင်းပနိုင်ရေး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

သာကေတ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင်ခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲရုံများဖွင့်လှစ်ထားရှိမှု၊ မဲရုံများလုံခြုံရေးတာဝန်ချထားမှုအခြေအနေတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၀) မှ အုပ်ချုပ်ရေးမှူးများ၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၉) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲရုံများဖွင့်လှစ်ထားရှိမှု၊ မဲရုံများလုံခြုံရေး တာဝန်ချထားမှုအခြေအနေတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ ဗိုလ်တထောင်ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ဒေါ်နီနီလှ၊ ဗိုလ်တထောင်ခရိုင် ဥပဒေအရာရှိ ဦးဆွေဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး၊ အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းကို၊ အတွင်းရေးမှူး ဦးစိုးစိုးလွင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲဝင်းထွန်း၊ အတွင်းရေးမှူး ဒေါ်နှင်းပြည့်ပြည့်ထွန်း၊ သာကေတမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းမင်းဦး၊ အတွင်းရေးမှူး ဒေါ်နှင်းယုကျော်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)