ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ညောင်တုန်းမြိူ့နယ်အတွင်း ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့်တွေ့ဆုံ

ညောင်တုန်း ဇန်နဝါရီ ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့ရောက်ရှိပြီး မဲရုံအတွင်း ဆန္ဒမဲပေးစက်သရုပ်ပြ ပြင်ဆင်ထားရှိမှုအားကြည့်ရှု၍ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတို့နှင့်တွေဆုံ၍ မဲရုံအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သတိပြုရမည့်အချက်များ၊ မဲရုံအတွင်း ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ လွယ်ကူလျှင်မြန်စေရေးအတွက် မဲဆန္ဒနယ်အလိုက်မဲပေးစက်များထားရှိမှုများကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့‌ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)