ထားဝယ်ခရိုင်၊တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Fire hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် ဇန်နဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ထားဝယ်ခရိုင်၊ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Fire hotspot အရေအတွက်များပြားနေခြင်းကိုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင်ခရိုင်၊ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Fire hotspot အရေအတွက် များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွှန့်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပပမင်းက တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင်အတွင်း Fire hotspot ဖြစ်‌ပေါ်မှုအခြေအနေများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ‌သည်။

ထို့နောက်လုပ်ငန်းအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)