ပူတာအို ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်းမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ အားလပ်ချိန်များတွင် စာပေဗဟုသုတများ လေ့လာဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ ခရိုင်စာရင်းစစ်ရုံး၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတရသစာအုပ်(၁၀၀)အုပ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲအား ခရိုင်/မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများက ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့်စာအုပ်စာစောင်ပြပွဲသို့ ခရိုင်စာရင်းစစ်ရုံး ခရိုင်စာရင်းစစ်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးရီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာတိုးတို့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား ငှါးရမ်းလိုသော သုတရတစာအုပ်များကို မှတ်ပုံတင်စာအုပ်တွင် မှတ်တမ်းရေးသွင်းကာ ငှါးရမ်းပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)