ဒေးဒရဲ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက် (၉) နာရီခွဲက စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ မဲပေးစက်များထုတ်ပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်း နှင့် အဖွဲ့ဝင်များက ကြည့်ရှုစီမံလျက်ရှိပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၃) အုပ်စု၌ မဲရုံပေါင်း (၁၆၄) ရုံအတွက် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျစီမံ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံ လက်ဝယ်အရောက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေဇာလင်း