မြို့သစ် သြဂုတ် ၅
မကွေးခရိုင် မြို့သစ်မြို့နယ် အတွင်းရှိမိုးစပါးစိုက်ခင်းများတွင် လက်တလောမိုးရွာသွန်းမှု ကြောင့် ဆည်ရေ များ လုံလောက် စွာရရှိပြီး မိုးစပါးများအနေဖြင့် အောင်မြင်ရန် အားကောင်းနေ ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။
“ကျွန်နော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့သတင်း ထုတ်ပြန်ချက် အရ ၃-၈-၂၀၂၀ မှ ၈-၈-၂၀၂၀ အထိ မိုးကြီးလေကြီးဖြစ်နိုင်မယ်လို့ သတင်းထုတ်ပြန်ချက်ရှိပါတယ် ၊ ကျွန်နော်တို့မြို့နယ်မှာတော့ ဒီနေ့အထိ မိုးရွာ သွန်းမှုကတော့ သြဂုတ်လ ၃ ရက်နေ့မှစတင်၍ မိုးရွာသွန်းမှုရှိလာပြီး စိုက်ခင်းတွေမှာ ရေပြည့်ရေလျှံဖြစ်နေတဲ့ အနေအထား တွေ့နေရပါတယ် ၊ ကျွန်တော်တို့မြို့နယ်မှာ မိုးစပါးကိုစိုက်နည်း နည်းလမ်း(၄)သွယ်နဲ့ စိုက်ပျိုးသွားမှာဖြစ်ပါ တယ်၊ အစိုးရ ဆည် ၊ ကန် ၊ ဆည်ငယ် ကန်ငယ် ၊ ရေစုပ်စက် ၊ မိုးကောင်းသောက်တို့ဖြစ်ပါတယ်၊ စီမံကိန်းလျာထားချက် အရ(၆၆၅၃၇) ဧက စိုက်ပျိုးသွားမှာဖြစ်ပါတယ်၊ ယခင်မိုးရွာသွန်းမှုနည်းပါးသဖြင့် အစိုးရဆည်ကန်တွေရဲ့ လျာထားချက်က (၂၃၃၈၆)ဧက လျာထားနိုင်ခဲ့ပြီး ယနေ့အထိ မိုးရွာသွန်းမှုအခြေအနေထားကတော့ အစိုးရဆည်တမံကန်ငယ်တွေလည်း ရေပြည့် ရေအမှတ်တက်လာပြီဖြစ်တယ်ဆိုတာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနကတဆင့် ကြားသိရပါတယ်၊ ဒီနေ့ဆိုရင် ကျွန်တော်တို့မြို့နယ်မှာ ဆည်ရေသောက် ဧရိယာဖြစ်တဲ့ နတ်မောက်တမံ ၊ ပုလင်းတမံ၊ စွန်တမံ၊ဆဒ္ဒန်တမံ၊ ဘုတ်ချောင်းတမံတွေမှာလည်း လက်ရှိရေကန် ရေပြည့် အမှတ်ရရှိရန်(၁၈)ပေ ၊ (၁၇)ပေ၊ (၁၄)ပေ၊(၁၂)ပေခန့်သာလိုတော့ တယ်လို့ကြားသိရပါတယ်၊ ဒီတော့ကျွန်တော်တို့မြို့နယ် မှာစိုက်ပျိုးတဲ့ မိုးစပါး များအနေဖြင့် လက်ရှိအခြေအနေအထိ အောင်မြင်နေပြီး အားကောင်းနေ တယ်လို့သိရပါတယ်"ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းမှပြောသည်။
မြို့သစ်မြို့နယ်တွင်မိုးစပါးဆည်ရေသောက်ဧရိယာဖြစ်သည့်နတ်မောက်တမံ၊ပုလင်းတမံ၊စွန်တမံ၊ဆဒ္ဒန်တမံ၊ ဘုတ်ချောင်း တမံတို့တွင် လက်တလောမိုးရွာသွန်းမှုကြောင့်မိုးစပါးစိုက်ပျိုးရေလုံလောက်စွာပေးနိုင်တော့မည် ဖြစ်ကြောင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှသိရသည်။
မြို့သစ်မြို့နယ်တွင် လက်တလောမိုးရွာသွန်းမှုကြောင့် အစိုးရဆည်တမံဆည်ငယ်ကန်ငယ်များမှ မိုးစပါး စိုက်ပျိုးရေ လုံလောက်စွာပေးနိုင်မှာဖြစ်ပြီးရေကြီးရေလျှံမှုကြောင့် မိုးစပါးသီးနှံယနေ့အချိန်ထိ ထိခိုက်ပျက်စီးခြင်း မရှိသေးကြောင်း မိုးစပါးစိုက်ဧက ပိုမိုတိုး ချဲ့စိုက်ပျိုးလာနိုင်ကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန် / ဆက် )