ပလောက် ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
အဆိုပါနှိုးဆော်မှုတွင် ပလောက်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ ပုလောမြို့နယ်၊ ပလောက်မြို့ အတွင်းရှိမဲရုံများကိုဖွင့်လှစ်သွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံးအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမဲရုံများသို့သွားရောက်၍ လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ပါကြောင်း အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)