သရက်ချောင်း ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅ )ရက်နေ့တွင် ကျင်းပမည် ဖြစ်ရာ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲလာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာ ရောက် ကောက်ခံခြင်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များပါဝင်သောအဖွဲ့များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မဲရုံသို့လာရောက် ဆန္ဒမဲပေးရန် အခက်အခဲရှိသည့် သက်ကြီးဘိုးဘွားမဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်သူများ စသည့်မဲဆန္ဒရှင်ပြည်သူများအား ကျန်းမာရေးနှင့်အညီ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများရရှိရန် ကြိုတင်ဆန္ဒမဲကောက်ခံခြင်းကို အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)