ချောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စလေမြို့၌ စလေမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံရှေ့၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါမီးငြှိမ်းသတ်သရုပ်ပြမှုကို စလေမြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဘုန်းပြည့်စုံနှင့် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုကိုင်တွယ်ပုံအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသစေခြင်း၊ မီးငြှိမ်းသတ်ယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကို အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံမှူးနှင့် ဝန်ထမ်းများအား သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)