မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်‌ရေးရာအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေး ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း(ရဲကျောင်း)၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် စာဖတ်ခြင်းဖြစ်ရရှိလာမည့် အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများအား “လူငယ်နှင့်အားကစား”ခေါင်းစ‌‌ဉ်ဖြင့် လူငယ်နှင့်ပတ်သက်သောအကြောင်းအရာများ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို အသီးသီး အသိပညာပေးဟော​ပြောခဲ့ကြသည်၊၊

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိက အားကစားပစ္စည်းများကို အ.လ.က(ရဲကျောင်း)အတွက် တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားဆိုင်ရာ ကာယလေ့ကျင့်ခန်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးခရိုင်ရုံးမှ ပြသထားသော မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု​လေ့လာခဲ့ကြသည်။

ဝင်းအိမွန်(ပြန်/ဆက်)