ဓနုဖြူ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် ယနေ့ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ်အတွင်းရှိ မဲရုံများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများပြင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဓနုဖြူမြို့နယ်အတွင်း ရပ်ကွက် (၁၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၃)အုပ်စုတွင် မဲရုံပေါင်း(၁၅၈)ရုံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)