ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ မြေလွှာခွဲကရိယာ (Subsoiler) ဖြင့် မြေလွှာပြုပြင်ခြင်း လက်တွေ့သရုပ်ပြပွဲပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူး၍ မြေလွှာခွဲကရိယာ (Subsoiler) ဖြင့် မြေလွှာပြုပြင်ခြင်း လက်တွေ့သရုပ်ပြပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ ရွာသာကုန်းအုပ်စု၊ ညောင်ပင်ဈေးရပ်ရှိ ကွင်းအမှတ် ၁၄၃၂ ၊ ဦးပိုင်အမှတ် ၄၂ ၊ တောင်သူ ဒေါ်ခင်ခင်ဆွေပိုင်ဆိုင်သော လယ်မြေ ၂ ဧက တွင်ကျင်းပခဲ့သည်။

သရုပ်ပြပွဲအခမ်းအနားတွင် ဟင်္သာတမြို့ အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံ၊ အလုပ်ရုံမှူး ဦးပြည့်ဖြိုးဝေထွန်းမှ Subsoiler (မြေလွှာခွဲကိရိယာ)၏ အသုံးပြုပုံနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက် subsoiler နှင့်လက်တွေ့ သရုပ်ပြမောင်းနှင်းခြင်းများဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးငြိမ်းသောင်း က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးငြိမ်းသောင်း၊ အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံ၊ အလုပ်ရုံမှူး ဦးပြည့်ဖြိုးဝေထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်နှင့် မြို့နယ်အဆင့်စိုက်တိုးမြင့်အဖွဲ့ဝင်များနှင့် တောင်သူ(၂၀၀ )ဦး တက်ရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)