ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ညောင်တုန်းမြို့နယ်ရှိ မဲရုံးများအားကြည့်ရှူစစ်ဆေး

ညောင်တုန်း ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များလိုက်ပါလျက် ညောင်တုန်းမြို့တွင်းရှိ မဲရုံများသို့ရောက်ရှိပြီး မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မဲရုံတာဝန်ထမ်းဆောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီးသည် မဲပေးစက်များထားရှိသည့် မြို့တော်ခန်းမသို့ရောက်ရှိ၍ မဲရုံအလိုက် မဲပေးစက်များခွဲပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဦးမျိုးကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးတို့က မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး လူမှုရေးရာဝန်ကြီးက မဲရုံအတွင်း ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ လွယ်ကူလျှင်မြန်စေရေးအတွက် မဲဆန္ဒနယ်အလိုက် မဲပေးစက်များထားရှိမှုများ၊ ဆန္ဒမဲပေးသူများအတွက် ကျန်းမာရေးစောင့်ရှောင့်မှုပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)