မိုးညှင်း ဇန်နဝါရီ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပသည့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များအား စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းခွဲ (နားခါ) မှ Grade-6 ကျောင်းသား ကျောင်းသူ (၄၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း