ကော့သောင်း ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မူလွန်(အဏ္ဏဝါ) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဝင်းက” စာဖတ်စွမ်းရည်တိုးတက်စေရန်နှင့်အသိပညာ ဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံ၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများဖြစ်စေရန် ဗဟုသုတရရှိစေသည့် ပြင်ပစာအုပ်၊စာပေများကိုလည်း လေ့လာကြရန်နှင့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စာဖတ်သည့် အလေ့အကျင့်ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သုတ၊ ရသစာပေအမျိုးအစားများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် သုတ၊ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ၊ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)