သန်လျင်မြို့ အမှတ်( ၂)အခြေခံပညာ အထက်တန်းကျောင်း၌ထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄

သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် Grade အသီးသီးမှ ထမနဲထိုးအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် အမှတ်ပေးဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီဆောင်ရွက်ခဲ့ရာ ဆုရအဖွဲ့များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းနှင့် အတန်းမှူးများ၊ မိဘဆရာကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)