သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၂၄

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သို့  အလှူငွေများပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လှူဒါန်းပွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ထီဘုရင်ဦးကျော်မြင့် မိသားစုက ရွှေသင်္ကန်းအလှူငွေ ကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းရာ ဂေါပကအတွင်းရေးမှူး ဦးတင်လှက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် ဘက်စုံပြုပြင်ရေးလုပ်ငန်းများအတွက် အလှူငွေများ ပါဝင်ကုသိုလ်ပြုလှူဒါန်း လိုကြသူများအနေဖြင့် ဖုန်း ၀၉၇၉၆၂၇၀၈၆၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)