လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

လသာ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို လသာမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

 ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်မှ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်ရခြင်းဟာ လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်စေရန်စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ချောမွန်ရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဟောပြောပွဲကို ကျင်းပရာလူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်  ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယဆု၊ အထူးဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းခန်းမတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်ပြပွဲများ၊ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေး၊ အမျိုးသမီးအကြမ်းဖတ်မှုပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို အခမ်းအနားတက်ရောက်လာသည့်၊  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)