ဒဂုံတောင် ဇန်နဝါရီ ၂၃
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်သည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေနိုင်သည့် သုတ/ရသ စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့်အလေ့အထများတိုးပွားလာစေနိုင်ခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်၊စာစောင်များကို စာကြည့်တိုက်သို့သွားရောက်၍ ရှာဖွေဖတ်ရှုတတ်စေရန်ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ ဟောပြောဆွေးနွေးပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း ကျောင်းသား/ကျောင်းသူများက ကဗျာများစိတ်ပါဝင်စားပြီး လေ့လာဖတ်ရှုလိုစိတ်များဖြစ်ပေါ်လာစေရန် ရွှေယုံနဲ့ရွှေကျားကဗျာ အခမဲ့ဖြန့်ဝေပေးခြင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာတိုးပွားရေး သုတ၊ ရသစာအုပ်၊ စာစောင် (၁၅၀) အုပ်နှင့် အသိပညာပေးနံရံကပ်စာစောင်များ သယ်ဆောင်ပြသရာ Grade-4 နှင့် Grade-5 ကျောင်းသား/ ကျောင်းသူ (၈၀)ဦးက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
သန်းသန်းအေး