အင်္ဂပူမြို့နယ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲဆန္ဒရှင် ပြည်သူများအေးချမ်းစွာဆန္ဒမဲပေး

အင်္ဂပူ   ဇန်နဝါရီ  ၂၅

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ (၂၅)ရက်တွင် နံနက်(၆)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ရှိ  မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြသည်။ 

အင်္ဂပူမြို့နယ်တွင်မဲရုံစုစုပေါင်း (၁၆၄)ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၅၈၇၃၆) ဦးရှိပြီး ကရင်တိုင်း ရင်းသား (၉၈၁၈)ဦးနှင့်ရခိုင်တိုင်းရင်းသား (၃၄၂) ဦးရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)