တာမွေမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ

တာမွေ        ဇန်နဝါရီ       ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ တစ်ခဲနက် ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ လွတ်လွတ်လပ်လပ် ဆန္ဒမဲလာရောက်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦး‌ရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ ယနေ့ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ(၉)ခုရှိကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)