ဒေးဒရဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အေးချမ်းစွာဖြင့် စတင်ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဒေးဒရဲမြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ ယနေ့ နံနက်(၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများက အေးချမ်းစွာဖြင့် ဆန္ဒမဲများ စတင်ပေးလျက်ရှိသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီတိုင်းအတွက် အီလက်ထရောနစ်မဲပေးစက်များကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးပြီး ချိန်၌ ဆန္ဒမဲပေးရန် တက်ကြွစွာစောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒပြုခဲ့ကြသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၀)အုပ်စုတွင် မဲရုံပေါင်း(၁၆၄)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အမျိုးသား (၆၂၂၁၃)၊ အမျိုးသမီး (၆၈၁၅၃)၊ ပြည်သူ စုစုပေါင်း (၁၃၀၃၆၆)ဦးရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဒေးဒရဲ (ပြန်/ဆက်)