မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးသည်။
ပြည်သူများ မဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြို့နယ်အတွင်းရပ်ကွက် (၁၉)ခု မဲရုံ (၁၄၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း (၂၀၃၆၁၉) ဦးရှိရာ ပြည်သူများဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။ မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ(၈)ခုဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၆)ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်(၇) ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် (၄) ကိုယ်စားလှယ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)