မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

 မော်လမြိုင်ကျွန်း     ဇန်နဝါရီ    ၂၅

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစတင်ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌   ပြည်သူများလာရောက် မဲပေးလျှက်ရှိသည်။

မဲရုံဖွင့်လှစ်ချိန်မှစတင်ကာ မဲရုံအသီးသီး၌ ပြည်သူများလာရောက်ဆန္ဒမဲပေးလျှက်ရှိပြီး စိတ်အေးချမ်းစွာမဲပေးနိုင်ရေးအတွက် အတွင်းအပြင် လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့်  မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျှက်ရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း  (၁၈၅၀၇၁)ဦး ရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂၁)အုပ်စုတွင်  မဲရုံပေါင်း(၂၀၈)ရုံ ဖွင့်လှစ်ကာ ပြည်များဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ(၆)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ၆ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်  ၄ ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်  ၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 ရဲကိုမောင်(ပြန်/ဆက်)