လေးမျက်နှာ ဇန်နဝါရီ ၂၅
ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို လေးမျက်နှာမြို့၌ ယနေ့နံနက် (၆)နာရီမှစတင်ကျင်းပရာမဲဆန္ဒရှင် ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။
ပြည်သူများ ဆန္ဒမဲပေးမှုလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မည်သည့်အနှောင့်အယှက်မျှမရှိဘဲ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို အထူးအလေးထား စီမံဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့်ပူးပေါင်းအဖွဲ့များက ပြည်သူများမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
လေးမျက်နှာမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၆၉၇၇)ဦး ရှိပြီး လေးမျက်နှာမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်( ၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၄)အုပ်စုတွင် မဲရုံပေါင်း(၈၃)ရုံ ဖွင့်လှစ်ကာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ချောင်းသာမြို့တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၅)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)