ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲရုံများတစ်ပြိုင်နက် စတင်ဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၆ နာရီမှစ၍ မဲရုံ(၈၇)ရုံတွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မဲရုံများဖွင့်လှစ်ရာတွင် သက်ဆိုင်ရာမဲရုံမှူးများက Hand Speaker ဖြင့် မဲရုံဖွင့်လှစ်ကြောင်း ကြေညာခဲ့ရာ မဲဆန္ဒရှင်များက နိုင်ငံသားကတ်နှင့် မဲစလစ်များကိုင်ဆောင်၍ မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်းများပြုလုပ်၍ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက် (၂၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄) ရွာရှိရာ မဲရုံပေါင်း (၈၇)ရုံဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး တိုင်းရင်းသား မဲဆန္ဒရှင်များ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ (၁၁၆၇၄၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)