ဇလွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

ဇလွန်  ဇန်နဝါရီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက်၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၂၅ ရက်‌ ယ‌နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၉၁၈၅)ဦး ရှိပြီး ၊ မြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက်တွင် မဲရုံ (၁၄)ရုံ၊ ကျေးရွာအုပ်စုတွင်မဲရုံ(၁၄၄)ရုံနှင့်စုစုပေါင်း( ၁၅၈)ရုံရှိပြီး ပြည်များဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်။

 ဇလွန်မြို့နယ်တွင် နိုင်ငံရေးပါတီ (၅)ခု ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)